Starting Android ( Part -1 )

ကျနော်အခုပြောပြချင်တာကတော့ ခုမှ Android စလေ့လာမယ့် သူတွေအတွက်ပါ။ ပထမ Android ကိုလေ့လာမယ်ဆိုရင်အရင်သိရမယ့် programming language က java ပါ။ နောက်ပြီးတော့ XML ဆိုတဲ့ eXtensible Markup Language ကိုလည်းသိရပါမယ်။ xml ကတော့ HTML and CSS သိရုံနဲ့ အလွယ်လေးလေ့လာလို့ရပါတယ်။ အဓိကကတော့ java ပါ။ ဟုတ်ပြီ ဒါဆို java ကိုလေ့လာမယ် ဘယ်ကစလေ့လာမလဲ။ ကျောင်းကသင်တာကိုစောင့်မှာလား? ဒါမှမဟုတ်ကွကိုယ်လေ့လာမလား။ ခုနေဒီစာကိုဖတ်နေတဲ့လူက first year ဆို သွားပြီပေါ့ ဘာလို့ဆို java က Second Year မှသင်ရတာကိုဗျ။ မစောင့်ချင်ဘူးကွကိုယ်လေ့လာမယ်ဆိုရင်တော့ သင်တန်းတက်မလား? Online Course လေ့လာမလားပေါ့။ သင်တန်းတက်မယ်ဆိုရင် ပိုက်ဆံကုန်မယ်။ ကျနော်ကတော့ Online Course လုပ်တာကိုပိုအားပေးတယ်။ Online Course တက်တော့မယ်ဆိုရင်လည်းသတိထားစရာလေးတွေရှိတယ်။ တစ်ချို့ဟာလေးတွေက ဂျင်း တွေ 😂😂😂။ Online Training တွေထဲမှာဆိုရင် ကျနော်အကြိုက်ဆုံးထဲကတစ်ခုဖြစ်တဲ့ Udacity ကိုညွန်းချင်ပါတယ်။
ခုမှ java စလေ့လာမယ့်သူတွေဆိုင်ရင် အောက်ကလင့်က Course ကိုအရင်လေ့လာပါ။
https://www.udacity.com/cour…/java-programming-basics--ud282
ဟုတ်ပြီ အပေါ်က course ကိုလေ့လာပြီးပြီဆိုရင်တော့ java ကိုတီးမိခေါက်မိရှိပြီ။အဲဒါဆို Android စရေးလို့ရပြီးလား?
Ok let's start Android
Android စပြီးလေ့လာမယ်ဆိုရင်တော့
https://www.udacity.com/…/android-development-for-beginners…
အဲဒီ Course လည်းပြီးပြီဆိုရင်တော့ Android ရဲ့ Layout ဖွဲ့စည်းပုံတွေ java code နဲ့ ချိတ်တဲ့ဟာတွေကို နားလည် ပြီး Application သုံးခုလောက်ရေးပြီးပြီလို့ယုံကြည်ပါတယ်။
အဲဒါဆိုနောက်တစ်ဆင့်တက်ကြရအောင်။ နောက်တစ်ဆင့်မှာတော့
Language သင်ပေးတဲ့ app လေးရေးမယ်။ ဒီ app မှာတော့ OOP ( Object Oriented Programming) တွေပါလာပြီ။
အပေါ်က ကြည့်ထားတဲ့ java လောက်နဲ့မလုံလောက်တော့ဘူး။
Java ကိုနည်းနည်းထက်လေ့လာဖို့လိုပြီ။
Video တွေကြီးပဲကည့်နေရတာဆိုတော့ပျင်းလောက်ပြီထင်တယ်။အဲဒါကြောင့် ဖတ်ရမယ့် website ကိုပဲ share ပေးလိုက်ပါတယ်။
Java ရဲ့ OOP အပိုင်းနဲ့ Collection အပိုင်းကိုအဓိကဖတ်ပေးပါ။ အဲဒါတွေဖတ်ပြီး ရသွားပြီ ဆိုရင်တော့ ဆက်ချီတက်လို့ရပြီ။
အပေါ်က Course ကြည့်ပြီးရင်တော့ Language သင်ပေးတဲ့ app တစ်ခုတော့ ရေးပြီးပြီပေါ့။ အဲဒါဆို နောက်တစ်ဆင့်မတက်ခင်မှာ ဘာ app တွေရေးလို့ရဦးမလဲပေါ့ ကိုယ်လေ့လာခဲ့ပြီးတဲ့ Course တွေနဲ့ စဉ်းစားကြည့်ပါ ပြီးတော့ရေးကြည့်ပါ။ နောက်အဆင့်တွေကိုတော့ Part-2 အနေနဲ့ရေးပေးပါမယ်။ ခုတော့စာလည်းတော်တော်ရှည်နေပြီမို့ဒီမှာပဲအဆုံးသတ်ထားတော့မယ်။

Comments